ရန်ကုန် အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌
ယနေ့ညနေ ၃ နာရီတွင် ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာ လအတွင်း
တိုင်းဒေသကြီးအချို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်များနှင့်
စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲတွင် သံတမန်များ၊
နိုင်ငံခြားသတင်းထောက်များနှင့် ပြည်တွင်းမီဒီယာများ၏ မေးမြန်းချက်များကို
တာဝန်ရှိသူများက ပြန်လည် ဖြေကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ဦးကျော်စွာမင်း
(ယူမီယူရီသတင်းဌာန)
မေး။ ။ ဖြစ်စဉ်မှာ ကျွန်တော်တို့ အောက်တိုဘာ ၁၇
ရက် ရှမ်း ပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမှာ ဖြစ်ပွားခဲ့တာကို
ထည့်သွင်းပြောကြား သွားခြင်း မရှိပါဘူး။ အဲဒါနဲ့ ပတ်သက်လို့
နောက်ဆက်တွဲ ဘာတွေများ စုံစမ်းသိရှိရပါသေး သလဲ။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။ နမ့်ခမ်းဖြစ်စဉ်နဲ့ ပတ်သက်လို့
ညဦးပိုင်းမှာတစ်ကြိမ်၊ မနက်စောစောနှစ်ကြိမ် ဖြစ်စဉ်ဖြစ် ပွားခဲ့ပါတယ်။
အဲဒီမှာ တစ်ယောက် သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ် သက်လို့
လောလောဆယ်ကတော့ သတင်းအတည်ပြု စုံစမ်း နေဆဲ ဖြစ်တဲ့အတွက် အတည်ပြုချက်မရ
သေးတာကြောင့် ထည့်သွင်းမပြော ခြင်းဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ရပ်
ဖြစ်ပွားခဲ့ တဲ့အကြောင်းကို သတင်းဆက် Up Date ထုတ်ပြန်ပေးသွား မှာပါ။
ဦးအောင်မင်းသိမ်း
(ဩစတြေးလျသံရုံး)
မေး။ ။ရဲချုပ်တင်ပြသွားတဲ့ ဖြစ်စဉ်မှာ
လွတ်မြောက်သွားတဲ့ တရားခံတွေရှိတယ်လို့ သိရပါတယ်။ ဂျာနယ်တွေထဲမှာ လည်း
ဖော်ပြထားပါတယ်။ အခြားတိုင်းပြည်တစ်ခုခုကို ထွက်ပြေးသွားခဲ့ရင်
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဘယ်လို ဆက်လက် ဖော်ထုတ်သွားမှာလဲ။ နည်းလမ်း
တွေရှိ၊မရှိ သိလိုပါတယ်။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။မြန်မာနိုင်ငံဟာ
အင်တာပိုလ်အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများနဲ့ နီးကပ်စွာ
ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ I(24/7) Global Communication စနစ်ဖြင့်
၂၄ နာရီမပြတ် ဆက်သွယ် ဆောင်ရွက်လျက် ရှိပါတယ်။ ပြစ်မှု ကျူးလွန်ပြီး
ထွက်ပြေးသူကို တရားရုံးမှ ဖမ်းဝရမ်းထုတ်ပြန်ရင် အင်တာပိုလ်မှ Red Notice
သတိ ပေးချက်ထုတ်ပြန်ပြီး အဖွဲ့ဝင် နိုင်ငံများက ရှာဖွေဖမ်းဆီးပေးအပ်
ရပါတယ်။ သို့မဟုတ် diffusion ခေါ် ဖြန့်ဝေစာဖြင့်လည်းကောင်း၊ သီးသန့်
တစ်နိုင်ငံချင်း အကြောင်းကြားခြင်းဖြင့် လည်းကောင်း၊ တရားခံပြေးများကို
ဆက်နွှယ်ဖမ်းဆီး ရေးတောင်းဆိုနိုင်ပါတယ်။ ရဲတပ်ဖွဲ့
အချင်းချင်းပြစ်မှုများ ပူးပေါင်း စုံစမ်းဖော်ထုတ်ရန်နှင့်
တရားခံပြေးများ ရှာဖွေဖမ်းဆီးပေးရန် ကတိကဝတ်ပြု ထားကြပါတယ်။
အင်တာပိုလ်အဖွဲ့အနေနဲ့ နိုင်ငံတစ်ခု အတွင်း ပြစ်မှုကျူးလွန်သူတစ်ဦး
အခြားနိုင်ငံသို့ ထွက်ပြေးပုန်း ရှောင်ရန် (ပြေးစရာမြေမရှိ) မဖြစ်
နိုင်သကဲ့သို့ အခြားနိုင်ငံတွင်း ပြစ်မှု ကျူးလွန်သူအနေနဲ့
မိမိနိုင်ငံအတွင်း ဝင်ရောက် မလာစေရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။
ရာဇဝတ်ဘေးပြေးမလွတ်နိုင်ပါ။
ဦးဝင်းဦး (ဧရာဝတီသတင်းဌာန)
မေး။ ။ပဋိပက္ခကိစ္စတွေ ဆက် တိုက်ဖြစ်နေတာ
တွေ့ရပါတယ်။ (၂၇)ကြိမ်မြောက် ဆီးဂိမ်းလည်း လာတော့မှာ ဖြစ်ပါ တယ်။ နောက်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မကြာခင်မှာ
ရှိလာလိမ့်မယ်လို့လည်း သိရပါ တယ်။ ဒီဖြစ်စဉ်တွေဟာ အဆိုပါ
အကြောင်းအရာတွေနဲ့ ဆက်စပ်မှု ရှိနိုင်သလားဆိုတာ တိကျတဲ့အဖြေ
တစ်ခုသိလိုပါတယ်။ နောက် ဘယ်အဖွဲ့အစည်းနဲ့ သက်ဆိုင်သလဲ။ အရေးယူမှုတွေကို
ဘယ်အချိန် ကာလမှာ ဆောင်ရွက်နိုင်မလဲ။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။မေးခွန်းကို ကျွန်တော်
တို့ကြည့်မယ်ဆိုရင် နံပါတ်တစ် အချက်ကတော့ ဘယ်အဖွဲ့အစည်းနဲ့ တိုက်ရိုက်
ပတ်သက်သလဲဆိုတာကို ရှင်းပြပါမယ်။ နံပါတ်နှစ်အချက် ကတော့
ဘယ်လိုအရေးယူဆောင် ရွက်မလဲဆိုတာ၊ နံပါတ်သုံး အချက် ကတော့ သံတွဲကိစ္စ၊
အာဆီယံနဲ့ ဆက်စပ်မှုရှိ-မရှိ၊ နံပါတ်တစ်ဖြစ်တဲ့ ဘယ်အဖွဲ့အစည်းနဲ့ဆက်စပ်လဲဆို
တာလေး ကို ကျွန်တော့်အနေနဲ့ ရှင်း လင်းရမယ်ဆိုရင် ကျွန်တော်တို့က
ခုနကရှင်းလင်းတင်ပြခဲ့တဲ့အတိုင်းပဲ အဲဒီမှာ ပြစ်မှုကျူးလွန် ခဲ့တဲ့သူ
စောမြင့်လွင်ဟာ ကေအင်န်ယူတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တယ်ဆိုတာ ကိုပဲ
တွေ့ရပါတယ်။ ဒုတိယအချက် ကနောက်ကွယ်က စီမံညွှန်ကြားတဲ့ နေတိုးကတော့ ကေအင်န်ယူ
စီးပွား ရေးလုပ်ငန်းတစ်ခုမှာ ပါဝင်တဲ့သူဖြစ် တယ်လို့ စစ်ဆေးပေါ်ပေါက်
ပါတယ်။ နောက်သံတွဲကိစ္စ၊ အာဆီယံဆီးဂိမ်းကိစ္စ၊ ရှေ့မှာကျွန်
တော်ဆွေးနွေးသွားပြီးဖြစ်ပါတယ်၊၊ ဖော်ထုတ်ချက်အရ ကျွန်တော်တို့
ဒီလောက်ပဲပြောနိုင်ပါတယ်။
ဦးရဲထွဋ်
ဖြေ။ ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန် တော်တို့
ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်က ရပ်တန့်သွားစရာ အကြောင်းမရှိပါဘူး။
ကျွန်တော်တို့ နိုင်ငံတော်အစိုးရကလည်း ငြိမ်းချမ်း ရေးကို
မဖြစ်ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ တစ်ဖက်က
ကျွန်တော်တို့တွေနဲ့ဆွေးနွေးနေတဲ့ တိုင်းရင်းသားခေါင်းဆောင်များကလည်း
ငြိမ်းချမ်းရေးကို မရ ရအောင်တည် ဆောက် မယ်လို့ ဆုံးဖြတ်ထားတယ်။
လက်ရှိကျွန်တော်တို့ လက်ရှိအကောင်အထည်ဖော်တဲ့ နည်းနာအတိုင်း ဘယ်လိုအခက်
အခဲမျိုးရှိရှိ ဒါကိုမဖြစ်ဖြစ်အောင် လုပ်သွားမှာပါ။ ဒီနေရာမှာ ကျွန်
တော်ဖြည့်စွက်ပြီးဆွေးနွေးချင်တာက ကေအင်န်ယူ အဖွဲ့အစည်းက
ပုဂ္ဂိုလ်များအနေနဲ့လည်း ရဲချုပ်ကြီး ပြောသွားသလိုပဲ နောက်ထပ်ဘာ
တွေရှိနိုင်သေးလဲ၊ လုပ်နိုင်သေးလဲ ဆိုတာကို နှစ်ဖက်ပူးပေါင်းပြီးမှ
ဆောက်ရွက်ဖို့ ကေအင်န်ယူဘက်ကလည်းဆုံးဖြတ်ထားပါတယ်။ ကေ အင်န်ယူက ဗဟို
အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးရန်ကုန်မြို့ကို ရောက်ရှိပြီးတော့
ဖမ်းဆီးထားတဲ့သူတွေနဲ့ တွေ့ပြီးတော့ မေးမြန်းတာ တွေလုပ်ပါတယ်။
ရှေ့လျှောက်ပြီး နှစ်ဖက်ကြားမှာ သတင်းဖလှယ်ပြီးတော့ ဒီကိစ္စမှာ
ပိုမိုပြည့်စုံတဲ့ သတင်းအချက်အလက် တွေ ရရှိဖို့အတွက် ဆောင်ရွက်သွား
မှာဖြစ်ပါတယ်။ သတင်းအချက် အလက်တွေ ရရှိလာလို့ရှိရင်လည်း ရဲချုပ်ကြီးပြော
သလို အချိန်နှင့်တစ်ပြေးညီအစီအစဉ်တွေကို ထုတ်ပြန် ပေးသွားမှာဖြစ်ပါတယ်။
Sky Net Channel
မေး။ ။အခုစစ်ဆေးတွေ့ရှိမှု အပြင်
အခြားနေရာတွေမှာ မြှုပ်နှံ ထားတာတွေကို စစ်ဆေးမှုရှိခဲ့ပါ သလားရှင်။
ပြင်ပမှာ ထွက်ပေါ်နေတဲ့ သတင်းတွေမှာ မိုင်း ၇၁ လုံးမြှုပ်နှံ
ထားတယ်ဆိုတဲ့သတင်းနဲ့ ပတ်သက် ပြီး ဆရာတို့အနေနဲ့ရှင်းပြပေးစေ လို
ပါတယ်ရှင်။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။ခုနတုန်းက ရှင်းလင်းချက်မှာလည်း
ပါသွားပြီဖြစ်ပါတယ်။ ရရှိတဲ့သတင်းကတော့ ၁၀ လုံး ဖြစ်ပါတယ်။
ကျွန်တော်တို့တွေ့ရှိစစ် ဆေးပြီး ဖြစ်နိုင်တဲ့သတင်းကလည်း ၁၀
လုံးဖြစ်ပါတယ်။ ဒီလိုစိုးရိမ်ပူပန် မှုတွေရှိမှာစိုးလို့ ဆောလျင်စွာ
သတင်းထုတ်ပြန်ပြီး ဖြစ်ပါတယ်။ ဒီကိစ္စက On Going ဖြစ်ပါတယ်။
စိုးရိမ်ပူပန်မှုတွေမရှိကြဖို့ ကျွန်တော် ထပ်လောင်းပြောလိုပါတယ်။
မလှလှဌေး
(AFP)
မေး။ ။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ
အဟန့်အတားဖြစ်အောင် လုပ်တယ်လို့ယူဆကြောင်းရဲချုပ်ပြော ကြားရာမှာ
နိုင်ငံတကာ အသိုင်း အဝိုင်းကလည်း စိုးရိမ်မှုတွေရှိနေ ပါတယ်။ အဲဒီ
စိုးရိမ်မှုတွေပပျောက် သွားအောင်၊ နိုင်ငံတွင်းမှာ ရှိတဲ့
ပြည်သူတွေစိုးရိမ်မှုတွေပပျောက် သွားအောင် လုံခြုံရေးကို ဘယ်လို
ပြင်ဆင်ထားတာရှိတယ်ဆိုတာ သိပါ ရစေ။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။ပြည်သူများနဲ့ တကွ
နိုင်ငံတကာအဖွဲ့အစည်းများက စိုးရိမ်ပူပန်မှုတွေကို နားလည်းလည် ပါတယ်။
လုံခြုံရေး ဆိုင်ရာ အစီအမံ များအနေနဲ့ ဥပဒေပိုင်းအရဆိုရင်
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ကို မူကြမ်းရေးဆွဲထားပြီး မကြာမီ
လွှတ်တော်မှာ တင်သွင်းနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ Mညေစသတနမ
ပိုင်းမှာဆိုရင် ပြည်နယ်၊ တိုင်းဒေသကြီးတိုင်းမှာ ဗုံးရှင်းလင်း ရေးအဖွဲ့
ဖွဲ့စည်းဆောင်ရွက်လုပ် ကိုင်နေပါတယ်။ ဒါ့အပြင် လုံခြုံရေး ဆိုင်ရာ
အထောက်အကူပြု ပစ္စည်းများကို ကျပ်သန်းပေါင်း
ခြောက်ထောင်ကျော်ခန့်တပ်ဆင်အသုံးပြု ပြီး နိုင်ငံတော်နှင့် ပြည်သူ တို့ရဲ့
လုံခြုံ ရေးကို တိုးမြှင့်ဆောင်ရွက်ဖို့ စီစဉ် ထားပါတယ်။
ကိုငြိမ်းချမ်း(7 Days)
မေး။ ။ဗုံးပေါက်ကွဲမှုဖြစ်စဉ် တွေမှာ အစိုးရအနေနဲ့ ကြိုတင် သတင်းရထားတာရှိလားခင်ဗျ။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။ ဒီသတင်းကိုကြိုတင်မရ ခဲ့ပါဘူး။
ဖြစ်သွားတဲ့အခြေအနေ အပေါ်မှာ သင်ခန်းစာယူပြီး နောင်မ ဖြစ်အောင် နိုင်ငံ
တကာနဲ့ရော ပြည် တွင်းမှာပါ အသိပညာပေးပြီး အကြမ်းဖက်မှု လျော့နည်းအောင်
ဆောင်ရွက်သွားမယ်လို့ ပြောချင် ပါတယ်။ အောက်တိုဘာလ ၂၁ ရက်ကစပြီး
ခရီးသွားများတဲ့နေရာမှာ ရှိတဲ့ ဟိုတယ်များက ဝန်ထမ်းတွေကို လုံခြုံရေး
ဆိုင်ရာ သင်တန်းတွေပေးဖို့ စီမံထားပါတယ်။ အလားတူ သက် ဆိုင်ရာဝန်ကြီးဌာနနဲ့
ပေါင်းပြီး လုံခြုံ ရေးဆိုင်ရာပစ္စည်း များကို တိုးမြှင့် တပ်ဆင်ဖို့
ညှိနှိုင်းထားပြီးဖြစ်ပါ တယ်။
ကိုဝင်းမြင့်ကျော်
(Weekly Eleven)
မေး။ ။ ယခုဖြစ်စဉ်တွေမှာ ကျူးလွန်တဲ့သူတွေက
ပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လျော့ကျ အောင်လုပ်တဲ့
ရည်ရွယ်ချက်တစ်ခုတည်းလို့ပြောပါတယ်။ အဲဒီ နောက်ကွယ်မှာ ကျွန်တော်တို့
သိထားတာက အင်အားကြီးတရုတ် နိုင်ငံ ပါဝင်ပတ်သက်နေတယ်လို့ သိထားပါတယ်။
အချက်အလက်တွေ အချို့တွေလည်း ပြောထားတာတွေ ရှိတဲ့အတွက် ဟုတ်၊ မဟုတ် အတိ
အကျလေး ပြောပေးစေလိုပါတယ်။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။ ကျွန်တော်တို့သိရ သလောက်ကို
ရရှိထားတဲ့အထောက် အထားများကို မူတည်ပြီး ရှင်းလင်း ဖော်ပြထားပြီး
ဖြစ်ပါတယ်။ စစ်ဆေး ချက်အရ ဒီသတင်းကို အတည်မပြု နိုင်ပါ။
မရွှေမှုံ
သမဂ္ဂသတင်းဂျာနယ်
မေး။ ။ ပထမဆုံးတစ်ခုကတော့
အခုလက်ရှိပေါက်ကွဲမှုဖြစ်စဉ်တွေ မှာ ဖြစ်ပွားခဲ့တဲ့ မိုင်းတွေက ဘယ်လို
လူမျိုး၊ ဘယ်လိုအဖွဲ့အစည်းတွေ အသုံးပြုခဲ့တဲ့မိုင်းဆိုတာ သိချင်ပါတယ်။
မကြာမီ မြန်မာသီတင်းကျွတ် ကာလ ဖြစ်တော့မှာဖြစ် တဲ့အတွက်ကြောင့်
မြန်မာပြည်သူလူထုက အရမ်းထိတ်လန့်မှုဖြစ်နေတဲ့အပေါ် မှာ ဘယ်လောက်ထိ
ကာကွယ်မှုပေး နိုင်ဖို့ ပြင်ဆင်ထားတယ်ဆိုတာ သိချင်ပါတယ်။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။ မိုင်းအမျိုးအစားတွေ အားလုံးကတော့
စောစောက ဆွေးနွေးထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ပြောနိုင် တာကတော့
ဒါတွေအားလုံးဟာ လက်လုပ်မိုင်း များဖြစ်တယ်ဆိုတာကို ပြောနိုင်ပါတယ်။
တစ်ဖက်ကဆိုရင် TNT ယမ်းကိုသုံးတယ်။ နောက်တစ်ခုက M ၆၇ လက်ပစ်ဗုံးကို
သုံးတယ်။ တကယ်တမ်း လက်လုပ်မိုင်း ဆိုတဲ့ဟာကလွဲပြီး ဒီဟာကတော့
ဘယ်အဖွဲ့အစည်းကမိုင်း၊ ဘယ်အဖွဲ့ အစည်းက သုံးတယ်ဆိုတာပြောဖို့
လုံလောက်တဲ့အခြေအနေမရှိသေး ပါဘူး။ အခုဒီလက်ရှိမိုင်းနဲ့ ပတ်
သက်လို့ပြီးခဲ့တဲ့ဖြစ်စဉ်တွေနဲ့ တိုက် ကြည့်တဲ့အခါ ဒီမိုင်းနဲ့ တစ်ထပ်
တည်းတူနေတဲ့ အနေအထားမျိုး မတွေ့ရပါဘူး။ သီတင်းကျွတ်လုံခြုံ ရေးနဲ့
ပတ်သက်လို့ကတော့ သီတင်း ကျွတ်ပွဲသာမက ဆီးဂိမ်းအထိပါ စီမံဆောင်ရွက်သွားမယ့်
အပိုင်း တွေကို ပြည့်ပြည့်စုံစုံ ပြင်ဆင် ထားပြီးဖြစ်ပါတယ်။ အခုဆိုလျှင်
သတင်းစာ၊ သတင်း ဂျာနယ်တွေမှာ ပဲဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် လုံခြုံ
ရေးနှင့်ပတ်သက်ပြီး ဘယ်လောက် အထိ အသိပညာပေးခဲ့ပြီး ပူးပေါင်း
ဆောင်ရွက်နေတယ် ဆိုတာကို သတင်းတွေဖော်ပြနေတယ်ဆိုတာ တွေ့ရှိနိုင်ပါတယ်။
ကျွန်တော်တို့ ပထမဆုံးဖြစ်စဉ် ဖြစ်ကတည်းက လုံခြုံရေးမြှင့်တင်ပြီး
စီမံဆောင်ရွက် ထားပြီးဖြစ်ပါတယ်၊ လုံခြုံရေးနှင့် ပတ်သက်ပြီး ယခုကာလအတွင်း
အမြင့်ဆုံးထားပြီး ဆောင်ရွက်ထား တယ်ဆိုတာကို အသိပေးချင်ပါ တယ်။
မင်းသူ
(Street View ဂျာနယ်)
မေး။ ။ နှစ်ခု သိချင်ပါတယ်။ ပထမတစ်ခုက
ဖြစ်စဉ်မှာပါဝင်တဲ့ ဥပဒေ အဖွဲ့အစည်းတွေက မဖမ်းမိ သေးတာတွေရော၊
ဖမ်းမိတာတွေရော အင်အားဘယ်လောက်ရှိပါသလဲ။ နောက်တစ်ခုက ပြည်သူအများစု
စိုးရိမ်မကင်း၊ သင်္ကာမကင်း ထိတ်လန့် မှုတွေကြုံနေရပါတယ်။ တရားခံတွေ ကရော၊
တရားခံအစစ်ဖြစ်ရဲ့လား။အဲဒါကြောင့် တရားခံတွေဘက်က ရှင်းလင်းချက်တွေကို
မီဒီယာအနေနဲ့ ဘယ်လိုယူလို့ရမလဲ။ နောက်ဆုံး တစ်ချက်ကတော့
နိုင်ငံတော်စီးပွား ရေးလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုတွေဆိုတဲ့
အဓိကအကြောင်းက ခိုင်မာတဲ့အကြောင်းပြချက်တစ်ခု ဖြစ်သလား၊ မဖြစ်ဘူးလား
ဆိုတာသိချင် ပါတယ်။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။တရားခံများနဲ့ ပတ်သက် ပြီးတော့
ခိုင်မာတယ်ဆိုတာကတော့ ခုန ရှင်းလင်းချက်တွေမှာလည်း ရှင်းလင်းပြီးဖြစ်
တာကြောင့် ဘယ်လိုမှ ဖန်တီးလို့မရပါဘူး။ အချိန်တွေပါ တယ်။
သက်ဆိုင်ရာခိုင်မာတဲ့ သက်သေတွေကတစ်ဆင့် အတိ အကျ ယူထားတာဖြစ်ပါတယ်။ ဃဃွှဠ
အထောက်အထားတွေကို တည်းခို ခန်းနှင့် ဆိုင်တွေက ယူထားတာဖြစ်ပါ တယ်။ ပြောရရင်
စကားမပြောတဲ့ သက်သေတွေဖြစ်ပါတယ်။ စကား မပြောတဲ့သက်သေက အခိုင်အမာ ဆုံးနဲ့
အကောင်းဆုံး ဖြစ်ပါတယ်။ ခုနကရှင်းပြတဲ့အထဲမှာပါပါတယ်။ ကျွန်တော်တို့ လက်ရှိ
ရသလောက် ကတော့ ကေအင်န်ယူအဖွဲ့အစည်းနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးအဖွဲ့အစည်း
တစ်ခုမှ ဆောင်ရွက်ချက်ဆိုတာ လောက်ပဲသိရတယ်။
ဦးရဲထွဋ်
ဖြေ။ ။ဖြည့်စွက်ပြီးတော့ တင်ပြ ချင်ပါတယ်။
လူတွေအားလုံးလည်း စိတ်ဝင်စားတဲ့ ကိစ္စဖြစ်ပါတယ်။ မေးတဲ့အထဲမှာ
အဖွဲ့အစည်းဆိုပြီး ရည်ရွယ်ပြီးမေးတာရှိတယ်။ Daily Eleven က
နိုင်ငံတစ်နိုင်ငံကို ရည် ညွှန်းပြီး နောက်ကွယ်မှာ ရှိတယ်လို့ ပြောသွားတယ်။
ရရှိထားတဲ့သက်သေ အထောက်အထားအရ အရေးယူနိုင် တဲ့ ကိစ္စကိုပဲပြောပါ။
မီဒီယာတွေကို မေတ္တာရပ်ခံချင်တာကတော့ မသေချာတဲ့အကြောင်းအရာတွေကို
မရေးစေချင်ပါဘူး။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဆက်သွယ်ပြီး တော့မေးပါ။ အဲဒီ
ပေါ်မှာမူတည်ပြီးတော့ ရေးပါ။ သတင်းမခိုင်မာဘဲနဲ့ မှန်းဆချက်တွေ
မီဒီယာထဲမှာပါသွားရင် တည်ဆောက် နေတဲ့ အမျိုးသားပြန်လည်စည်းလုံး
ညီညွတ်ရေးကိစ္စတွေနဲ့ နိုင်ငံတကာ ဆက်ဆံရေးကိစ္စတွေမှာ မလိုလား အပ်တဲ့
ထိခိုက်မှုတွေဖြစ်စေပါတယ်။ ဒီမှာက ပြဿနာတစ်ခုဖြစ်ပြီဆိုရင် မှန်းဆချက်တွေက
သိပ်များပါတယ်။ သတင်း အချက်အလက် ခိုင်လုံလို့ရှိရင်
ဆက်လက်စုံစမ်းစစ်ဆေးဖို့ အသင့် ရှိပါတယ်။ သို့သော် ဒါတွေ မခိုင်လုံ
ဘဲနဲ့ မှန်းဆချက် တစ်ခုတည်းနဲ့ မီဒီယာတွေပေါ်မှာ တင်ပြီးတော့
မရေးစေချင်ပါဘူး။ လိုအပ်လို့ရှိရင် အစိုးရအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့
အတည်ပြုပြီးမှ လုပ်စေချင်ပါတယ်။ စိတ်ဝင်စားတဲ့၊ အထိအခိုက်မခံတဲ့ သတင်းမှာ
မှန်းဆချက်တွေကို ထည့် ရေးရင် မလိုလားအပ်တဲ့တန်ပြန်အကျိုး သက်ရောက်မှုတွေ
ဖြစ်နိုင်ပါတယ်။
ဦးဇော်ဝင်းလှိုင်
(ဗွီအိုအေမြန်မာပိုင်းအစီအစဉ်)
မေး။ ။ ခုနက ရဲချုပ်ကြီးတို့
ပြောထားပြီးဖြစ်ပါတယ်။ ဒါပေမယ့် အတိအကျလေး သိချင်ပါတယ်။ အခု လက်ရှိ
ဖမ်းတဲ့အရေအတွက် ဘယ် လောက်လဲ၊ သံသယရှိတယ်ဆိုပြီး စုံစမ်းနေတဲ့သူအရေအတွက်
သိလို့ ရရင် သိချင်ပါတယ်။ မနေ့က ဒီလူ တွေက ကေအင်န်ယူ(၅)ကနေ
ကြေညာချက်ထုတ်ပါတယ်။ သူတို့ အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့
သဘောမျိုးထုတ်တယ်။ အဲဒီအပေါ် မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့၊
ပြည်ထောင်စုအစိုးရအနေနဲ့ တစ်ခုခု တုံ့ပြန်ဖို့များ အစီအစဉ်ရှိပါသလား။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။ ကျွန်တော်တို့ အခုထိ
ဖမ်းဆီးထိန်းသိမ်းထားတာ အားလုံး ရှစ်ဦးပဲ ရှိပါသေးတယ်။ သံသယရှိတဲ့ အရေအတွက်
ကတော့ စစ်ဆေးဆဲ ဖြစ်၍ ထုတ်ပြန်ဖို့ အခြေအနေမပေး သေးပါဘူး။
ဦးရဲထွဋ်
ဖြေ။ ။ ဒုတိယမေးခွန်းကို ကျွန်တော်ဖြေပါမယ်။
ကျွန်တော် လည်း ဒီကိစ္စ စဖြစ်တော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သိရှိရတဲ့
သတင်းအချက် အလက်တွေ သက်ဆိုင်ရာကေအင်န် ယူအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပေး
ပို့ပါတယ်။ ကေအင်န်ယူ အဖွဲ့အစည်းက နိုင်ငံတော်အစိုးရနဲ့ အပစ်အခတ်
ရပ်စဲရေးကို အစောဆုံး လက်မှတ်ထိုး ထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါ တယ်။
ကေအင်န်ယူတပ်ဖွဲ့ဝင်တွေက ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူး တိုင်းဒေသကြီး၊
တနင်္သာရီတိုင်း ဒေသကြီးဆိုတဲ့ ပြည်နယ်နှစ်ခု၊ တိုင်းဒေသကြီးနှစ်ခုမှာ
ရှိပါတယ်။ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးတဲ့ အချိန်ကစပြီး
တော့ လုံးဝတိုက်ခိုက်မှုဖြစ်တာတို့၊ တိုက်ပွဲဖြစ်တာတို့ လုံးဝမရှိပါဘူး။
အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ကို အပြည့်အဝ လိုက်နာခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး စောမူ တူးဆေးဖိုး ဦးစီးတဲ့ ကေအင်န်ယူ ခေါင်းဆောင်တွေက
သမ္မတကြီးနဲ့ သုံးကြိမ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ သုံးကြိမ်တိတိ
ဆွေးနွေးခဲ့ ပါတယ်။ ဆိုတာက အောက်ခြေ တပ်ဖွဲ့ ဝင်တွေကြားထဲမှာရော၊ နှစ်ဖက်
ခေါင်းဆောင်တွေကြားထဲမှာရော အပြန်အလှန်ယုံကြည်မှုက အင်မတန်
ခိုင်မာတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့၊
ကေအင်န်ယူအဖွဲ့အစည်းအနေနဲ့ ဒီကိစ္စမျိုးကို လုံးဝ လုပ်မှာ မဟုတ်ဘူး လို့
ယုံကြည်ပါတယ်။ ကေအင်န်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီက တစ်ဦးလည်း ရန်ကုန်မှာ
ဖမ်းဆီးထား တဲ့ သူနဲ့ တွေ့ဆုံမေးမြန်းနေတယ်။ အပြန်အလှန် ပူးပေါင်းပြီးတော့
အချက်အလက်တွေ ဖလှယ်ကြမယ်။ ပြီးရင် နောက်ထပ်ရနိုင်တဲ့ အချက် အလက်တွေကို
ဆက်ဖော်ထုတ်သွား မှာပါ။ ကေအင်န်ယူအဖွဲ့အစည်း အနေနဲ့ ဒီကိစ္စမှာ
လုံးဝပတ်သက်ခြင်း မရှိဘူးလို့ ယုံကြည်ပါတယ်။ ကေ အင်န်ယူရော၊
တိုင်းရင်းသားအားလုံး ရော ပါဝင်တဲ့ ပူးပေါင်းဖြစ်စဉ်ကိုလည်း ထိခိုက်စရာ
မရှိပါဘူး။ အစိုးရနဲ့ ကေအင်န်ယူပူးပေါင်းပြီး ပြည်လုံးကျွတ်
ငြိမ်းချမ်းရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားမှာပါ။ နှစ်ဖက်စလုံး အပြန်အလှန်
ကတိပြုထားပြီးဖြစ်ပါ တယ်။
သူရထွန်း
(အာရှသတင်းဂျာနယ်)
မေး။ ။ ဟိုတယ်မှာ မိုင်းထောင် တာ ရဲတပ်ဖွဲ့က
ကြိုတင်သတင်းရပါ သလား။ Traders Hotel ပေါက်ကွဲ မှုဖြစ်စဉ်၊ မသင်္ကာဖွယ်ရာ
တရားခံ၊ တစ်ယောက်ထိသွားတာ သတင်းရ တာနဲ့ ရဲတပ်ဖွဲ့က သတင်းရတာနဲ့
ကြိုတင်ကာကွယ်မှု မလုပ်နိုင်တာကို သိပါရစေ။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။ မှုခင်းကြိုတင်ကာကွယ်မှု ဟာ
ကျွန်တော်တို့ရဲ့ အဓိကအလုပ်ပါ။ မှုခင်းဖော်ထုတ်တယ်ဆိုတာကတော့ ပြီးမှ
လုပ်ကြတဲ့အပိုင်းပါ။ ကြိုတင် သတင်းရထားတယ်ဆိုရင် ဘယ်လိုမှ
ဒီလိုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီကိစ္စ ကတော့ ကြိုတင် သတင်းမရထားလို့ ဖြစ်ပါတယ်။
မရူပါဝင်း
(Farmer ဂျာနယ်)
မေး။ ။ ဗုံးက တစ်လုံးမက ပေါက်သွားတယ်။
ဖြစ်တာကလည်း မြန်မာနိုင်ငံအောက်ပိုင်းနဲ့ အလယ် ပိုင်းဆိုတော့ ကျန်တဲ့
ကျေးလက်ဒေသ တွေမှာ လိုအပ်လာမယ့် လုံခြုံရေး အခြေအနေနဲ့
လုံခြုံရေးအစီအစဉ်ကို သိချင်ပါတယ်။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။ရဲလုပ်ငန်းမှာ ရွာစင် ကြယ်
ရဲလုပ်ငန်းဆိုတာ ရှိပါတယ်။ နောက်တစ်ခါလယ်ယာလုပ်ငန်းခွင်လုံခြုံရေးဆိုတာ
ရှိပါတယ်။ ဒါတွေက တော့ သက်ဆိုင်ရာဒေသမှာရှိတဲ့ ရပ်/ကျေး
အုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာနေပြည်သူများနဲ့ ကျေးရွာ အရောက် လှည့်ကင်းတွေ၊
သတင်းယူ တာတွေရှိပါတယ်။ မြို့ပေါ်မှ ကျေးရွာ အထိ ချိတ်ဆက်ထားတဲ့ ရဲလုပ်ငန်း
ကွန်ရက် ရှိပြီး ကျေးရွာအထိ စဉ်ဆက် မပြတ် ဆောင်ရွက်နေပါတယ်။ ခုလည်း
သတင်းရရှိမှုအပေါ်မူတည်ပြီး မြို့ပေါ်လည်း မြို့ပေါ် အလျောက်၊ နယ်မှာလည်း
နယ်မှာအလျောက် တိုးမြှင့်ပြီး အစီအမံများဆောင်ရွက်လျက်ရှိပါတယ်။
ဦးရဲထွဋ်
ဖြေ။ ။ ကျွန်တော်တို့နိုင်ငံက
အနောက်နိုင်ငံတွေမှာလို Credit Card တို့၊ Security Card တို့ စတာ တွေ
သုံးပြီးသွားတဲ့ Electronic Trace ကို လိုက်လို့မရဘူး။ အဲဒီတော့
ကိုယ့်ရပ်ကွက်၊ ကိုယ့်ရွာထဲကို ဝင်လာတဲ့ လူဝင် လူထွက်တွေ၊
လူစိမ်းရောက်ရှိမှုတွေ စတဲ့လူစာရင်း သိဖို့လိုတယ်။ ဧည့်စာရင်းတိုင်မှု
ဆိုတာ မှန်မှန်ကန်ကန် ကျင့်သုံးနိုင် မယ်ဆိုရင် လုံခြုံရေးဆောင်ရွက်ရာမှာ
အများကြီးထိရောက်တဲ့ ယန္တရားဖြစ် ပါတယ်။ ကျွန်တော်တို့မှာ နူနခအမသညငခ
စောင့်ကြည့်စနစ်တွေမရှိသေးဘဲ လူကိုအခြေပြုပြီး လုပ်ရတဲ့စနစ်ပဲ ရှိတာကြောင့်
ဧည့်စာရင်းတိုင်တာမျိုး၊ လူစာရင်းအဝင် အထွက်ကို သတင်းပို့ တာမျိုးတွေ၊
ခုနက ရဲချုပ်ကြီးပြောတဲ့ ကျေးရွာတွေ လှည့်ကင်းနဲ့ စစ်ဆေး
တယ်ဆိုတာမျိုးတွေရှိ တယ်။ အဲဒီ စနစ်တွေ အောင်မြင်ဖို့ကြတော့
ရဲတပ်ဖွဲ့ဝင်တွေချည်းပဲ လုပ်လို့မရ ဘူး။ အစိုးရလည်း လုပ်လို့မရဘူး။ ဒေသ
မှာရှိတဲ့ ပြည်သူတွေ ကိုယ်တိုင်ကိုက ဒီစနစ်တွေသည်
ငါတို့ရဲ့လုံခြုံရေးအတွက် လုပ်နေတဲ့ စနစ်ပါလားဆိုတာ မြင်ပြီးတော့
ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။
ကောင်းမြတ်ဖြိုး
(မြစ်မခသတင်းအေဂျင်စီ)
မေး။ ။ အခု ထိန်းသိမ်းခံရတဲ့ သူကို တရားခံအဆင့်
သတ်မှတ်ပြီး ပြီလားဆိုတာသိချင်ပါတယ်။ ချမ်းမြေ့ တည်းခိုခန်း
ပေါက်ကွဲမှုကိစ္စမှာ ဘယ် ကဲ့သို့ သိပြီးတော့ သူ့သူငယ်ချင်းလို့ ပြောတာလဲ၊
တည်းခိုခန်းတည်းတယ် ဆိုတာ ဘယ်လို အထောက်အထား များရှိပါသလဲ။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။ တရားဥပဒေက တရားရုံး ပြစ်ဒဏ်ချပြီးမှ
တရားခံလို့ သတ်မှတ် ရမှာဖြစ်ပါတယ်။ ချမ်းမြေ့တည်းခို ခန်းမှာ
စစ်ဆေးခဲ့တဲ့အထဲမှာ CCTV မှာလည်းရတယ်။ နေသွားတယ်။ တည်းသွားတယ်ဆိုတာ သက်သေ
အရသိတယ်။ ဒါ့အပြင် တည်းခိုသူ စာရင်းအရ သိရသလို အဲဒီမှာ ပေါက်ကွဲပစ္စည်းရဲ့
လက်ရာအရ ရန်ကုန် Western Park မှာဖြစ်တဲ့ တစ်ဖွဲ့တည်း ဖြစ်နေတာကြောင့်
ဒီပေါက်ကွဲမှုဟာလည်း ၎င်းအဖွဲ့များ ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆရခြင်းဖြစ်
ပါတယ်။
DVB
မေး။ ။ ပေါက်ကွဲမှုတွေက ဟိုး အရင်ကလည်း
ဖြစ်ခဲ့တယ်။ အခု အချိန်အထိ ပြည်တွင်းလုပ် လက်လုပ် ဗုံးလို့ပြော နေတယ်။
အဲဒီတော့ ဒီလို မျိုးမဖြစ်အောင် ရဲချုပ်မှာ တာဝန်ရှိပါ သလား။
နောင်တစ်ချိန်မှာ ဒီလိုမျိုး ပေါက်ကွဲမှုတွေ ဖြစ်တယ်ဆိုရင်
ဘယ်လိုတာဝန်ယူမှုအပိုင်းရှိမလဲ ဆိုတာ သိချင်ပါတယ်။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။ ပြောင်းလဲလာသည့်
မှုခင်းကြိုတင်ကာကွယ်ရေးဆိုင်ရာ နိုင်ငံတကာအယူအဆအရ နည်းနည်း တင်ပြချင်
တာကတော့ မှုခင်းနဲ့ ပတ် သက်လို့ပြောရရင် ရဲတပ်ဖွဲ့တစ်ခု တည်းမှာ
တာဝန်ရှိတယ်ဆိုတာထက် အားလုံး ပူးပေါင်း ဆောင်ရွက်မှ ရမှာပါ။
ယမ်းအသုံးပြုမှုလုပ်တဲ့ လုပ်ငန်း တွေကလည်း အများကြီးရှိပါတယ်။
ယိုပေါက်မရှိအောင် ဌာန ဆိုင်ရာများ၊ Private Sector များမှလည်း လုံခြုံ
ရေးသတိနဲ့ ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်း ပေးကြရမှာဖြစ်ပါတယ်။
ဦးရဲထွဋ်
ဖြေ။ ။ ယမ်းတွေ လိုသလိုရနေ တယ်ဆိုတာက
ကျွန်တော်တို့နိုင်ငံဟာ လက်နက်ကိုင် ပဋိပက္ခနဲ့ ရင်ဆိုင်ခဲ့ရ တာ
နှစ်ပေါင်း(၆၀)လောက်ရှိပါပြီ။ ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေမှာ ယမ်းတွေ၊
လက်ပစ်ဗုံးအဟောင်း တွေ ဒါတွေရှိနေဆဲပါ။ ကျွန်တော်တို့ နိုင်ငံမှ မဟုတ်ဘူး၊
ကျန်တဲ့နိုင်ငံတွေက အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အစည်း တွေ ရင်ဆိုင်နေရတဲ့
ပြဿနာက ဖောက်ခွဲရာမှာသုံးတဲ့ အီလက်ထရွန် နစ်ပစ္စည်းတွေ အလွယ်တကူဝယ်လို့ရ
တယ်။ တစ်ခါတလေ ရှိပြီး အီလက် ထရွန်နစ်ပစ္စည်းတွေက ဖြုတ်ပြီး
တပ်ဆင်အသုံးပြုလို့ရတယ်။ ဗုံးလုပ် တဲ့နည်းကဟိုတုန်းကဆိုရင် အင်မတန်
ခက်ခဲတယ်။ အခုခေတ်က Google နဲ့ You tube ပေါ်မှာ အလွယ်တကူ ရှာလို့ရတဲ့
အနေအထားရှိတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကဆိုရင် ဗုံးဖောက်မယ်ဆိုရင်
ကိုယ်တိုင် တပ်ဆင်ရတယ်။ ဒီကနေ့က အီလက် ထရွန်နစ်ပစ္စည်းတွေ ခေတ်မီမှုကြောင့်
စောမြင့်လွင်လို သူကိုယ်တိုင်လုပ်စရာ မလိုဘူး။ ဝါယာကြိုးကိုဆက်ပြီး
ခလုတ်ဖွင့်ပေးလိုက်လို့ရပြီ၊ ဒါကြောင့် အရင်တုန်းကထက်စာရင် အခုဘယ်သူမဆို
ခိုင်းလို့ရတယ်။ ပစ္စည်းတွေက အလွယ်တကူရတာကြောင့် ရဲတပ်ဖွဲ့
ဆိုတဲ့ယန္တရားတစ်ခုတည်းက အားလုံးထိန်းဖို့ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။
နောက်ပြီး စက်မှုလုပ်ငန်း၊ သတ္တုတွင်း လုပ်ငန်း တွေမှာ ယမ်းတွေကိုသုံးတာ
ရှိတယ်။ ဒါ့ကြောင့် အားလုံးမှာ တာဝန်ရှိတယ်ဆိုတာ ပြောချင်ပါ တယ်။
ကိုသန်းထိုက်အောင်
(Messanger Journal)
မေး။ ။ သံသယရှိသူသုံးဦးကို ဖမ်းမိပြီး
သတင်းထုတ်ပြန်ထားတာ ကေအင်န်ယူက ဗိုလ်ကြီးအဆင့်ရှိ သူက
ခိုင်းတယ်လို့သိရပါတယ်။ အခု ရှင်းလင်းမှုမှာ စီးပွားရေးနဲ့ပတ်သက်
တဲ့သူဆိုပြီး ပါလာပါတယ်။ သံသယ ရှိသူတစ်ယောက် ထွက်ဆိုချက်ကို
သတင်းထုတ်ပြန်မှုတွေလုပ်တဲ့အခါ မှာ ဘယ်လိုမျိုးစိစစ်ပြီးလုပ်တယ်ဆိုတာ
သိချင်ပါတယ်။ အဲဒါနဲ့ ဆက်စပ် ပြီး မန္တလေးက ဗုံးတွေ့မှုမှာဆိုရင် လည်း
မလေးရှားကပြန်လာတဲ့ လူနဲ့ ပတ်သက်တယ်ဆိုတဲ့ သတင်းတွေ
ထွက်ပေါ်လာတာတွေရှိပါတယ်။ အတည်ပြုချက်မရသေးတဲ့အတွက် မရေးနဲ့ဆိုပြီး
အဲဒီလိုသတင်းတွေ ပေါက်ထွက် လာပါတယ်။ ဒါနဲ့ ပတ် သက်ပြီး
ရှင်းလင်းပေးစေလိုပါတယ်။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။ ကျွန်တော်တို့ရဲတပ်ဖွဲ့ အနေနဲ့
သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးအဖွဲ့ ဖွဲ့ထားပြီး ဖြစ်ပါ တယ်။
သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ အတည်ပြုချက်တွေ၊ ရဲတပ်ဖွဲ့ရဲ့
သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြပေးတဲ့ အချက်အလက်တွေ၊ သတင်းစာ ရှင်းလင်းပွဲက
ရတဲ့အချက်အလက် တွေကိုသာ ရေးဖို့မေတ္တာရပ်ခံပါတယ်။ မန္တလေးကိစ္စက ကောလာဟလ
ထင်မြင်ယူဆချက်တွေပါ။ ဒါလေး တွေကို သတိထားစေချင်ပါတယ်။
ကိုဉာဏ်လင်းအောင်
(Myanmar Times)
မေး။ ။ မြန်မာနိုင်ငံမှာ မကြာမီ ဆီးဂိမ်းနဲ့
အာဆီယံထိပ်သီးအစည်းအဝေးကျင်းပမယ့်အချိန်မှာ လုံခြုံရေး ကို ပြင်ဆင် ထားပြီး
ဖြစ်တယ်လို့ ပြောပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ ဘောလုံးပွဲအတွေ့အကြုံ
အရ လုံခြုံရေးချထား ပေမယ့် လည်း ပွဲထဲဝင် ခုံတွေဖျက်ဆီးပြီး ပွဲပျက်
လောက်တဲ့ အခြေအနေအထိ ပြဿနာဖြစ်သွားတာ ရှိပါတယ်။ ကျင်းပချိန် မှာ
တကယ်ခိုင်ခိုင်မာမာလက်ရှိရဲတပ်ဖွဲ့အင်အားနဲ့ Capacity အရ
လုံခြုံရေးဘယ်လိုပေးနိုင်မလဲ။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။ လုံခြုံရေးအပြည့်အဝ ပေးနိုင်ပါတယ်။
လုံခြုံရေးနဲ့ပတ်သက် တဲ့ အဖွဲ့အစည်းအားလုံးနဲ့ပူးပေါင်း ပြီး ဆောင်ရွက်
သွားမှာဖြစ်ပါတယ်။ ဆီးဂိမ်းနဲ့ပတ်သက်ပြီး လုံခြုံရေး
အပြည့်အဝပေးနိုင်တယ်လို့ ပြောနိုင် ပါတယ်။ နေပြည်တော်မှာ ဖြစ်ပွားတဲ့
အဖြစ်အပျက်က အဲဒီအချိန်မှာ ကျွန်တော်တို့ ဆောင်ရွက်ခွင့်မရခဲ့ပါ ဘူး။
ဖြစ်စဉ်ဖြစ်မှ သွားရောက် ထိန်းသိမ်း ခဲ့တာပါ။ ဆောင်ရွက်ခွင့်ရခဲ့ရင်
ဒီအခြေအနေမျိုး မရှိနိုင်ပါဘူး။ ကျွန်တော်တို့နဲ့ပြည်သူအကြား အပြန် အလှန်
နားလည်မှု တွေရှိနေပြီဖြစ်ပါ တယ်။
ကိုဆန်းမိုးထွန်း
(မြန်မာပို့စ်ဂျာနယ်)
မေး။ ။ အချက်အလက်ပြည့်စုံမှ
သတင်းရေးလို့ပြောပါတယ်။အဲဒါနဲ့ ပတ်သက်ပြီး ကုန်သည်ကြီးများ ဟိုတယ်မှာ
ဗုံးပေါက်ကွဲမှုကို ကျွန်တော်တို့တိုက်က သတင်းထောက် တစ်ယောက်က
တာဝန်ရှိသူတစ်ဦးကို သွားမေးတဲ့အခါ သတင်းပြန်လည် ဖြေကြားမှုမရှိပါဘူး။
သတင်းထောက် တစ်ယောက်အနေနဲ့ တစ်ခုခုဖြစ်ပေါ် လာတဲ့အခါမှာ စခန်းမှူး၊
မြို့နယ်မှူး တို့ကို သတင်းမေးတဲ့အခါ ရဲချုပ်တို့ အနေနဲ့
ပြန်လည်ဖြေကြားခွင့်ပြု၊ မပြုသိချင်ပါတယ်။
ဦးရဲထွဋ်
ဖြေ။ ။သတင်းနဲ့ပတ်သက်ပြီး ဖြေပါမယ်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် မဟုတ်ပါဘူး။ ဌာနတွေအားလုံးမှာ လည်း ခဏခဏ ဒီလို
စောဒကတက်မှု တွေကြုံရပါတယ်။ ဌာနဆိုင်ရာတွေကို အဆင့်အလိုက်
ပြောခွင့်ရှိတဲ့သူကို ပြောဖို့ ခွင့်ပြုထားပြီး သားပါ။ အခြေ အနေအရ
ရဲတပ်ဖွဲ့အနေနဲ့ စတင် စစ်ဆေးမေးမြန်းတဲ့အချိန်မှာ သတင်း
ထုတ်ပြန်လို့မရပါဘူး။ သတင်း ထောက်များဘက်ကလည်း သတင်း ထောက်ဖြစ်ကြောင်း
မှန်ကန်တဲ့ အထောက်အထားပြဖို့ လိုပါတယ်။ လိပ်စာကတ် တစ်ခုတည်းနဲ့ မဖြစ်ပါဘူး။
နိုင်ငံတကာမှာ သက်ဆိုင်ရာ စာနယ်ဇင်းကောင်စီက အသိအမှတ် ပြု ကတ်ပြားရှိမှ
သတင်းယူ လို့ရပါ တယ်။ ဒီက နိုင်ငံခြားသတင်းထောက် အသင်းလိုပေါ့။ တကယ် သတင်း
ထောက်သာ မှန်ကန်ရင် ဖြေတဲ့သူ အဖို့ ဖြေပေးဖို့ ဝန်မလေးပါဘူး။ အဲဒီ နေ့က
အထောက်အထား ပြည့်စုံတဲ့ သတင်းစာ၊ ဂျာနယ်တွေမှာ သတင်း မေးမြန်းဖော်ပြ
ခွင့်ရတယ်။ မြန်မာ့ အသံနဲ့ တချို့ရုပ်သံလိုင်းတွေမှာ နောက်နေ့မနက် ၇
နာရီမှာ ထုတ်လွှင့် နိုင်ခဲ့တယ်။ သတင်းမထုတ် ရဘူးလို့
ကန့်သတ်ထားတာမရှိပါဘူး။ အခြေ အနေအရ ပြောပိုင်ခွင့်ရှိတဲ့သူကို ပြောနိုင်တဲ့
အတိုင်းအတာအထိ ပြောဖို့ ခွင့်ပြုပြီးသားပါ။ စာနယ်ဇင်း
သမားဖြစ်အောင်ခိုင်မာတဲ့အထောက် အထားရှိဖို့ လိုပါတယ်။ ။
Featured News:
No comments:
Post a Comment