အလုပ်ပင်ပင်ပန်းပန်းလုပ်တာပဲဖြစ်ဖြစ်၊ အားကစားလုပ်ပြီးတဲ့ အခါမှာ ပဲဖြစ်ဖြစ် ရေချိုးလေ့ရှိကြပါ တယ်။ အဓိကရည်ရွယ်ချက်ကတော့ လန်းဆန်းသွားစေဖို့ပါပဲ။ ဒါပေမယ့် အခုလို ပင်ပင်ပန်းပန်း တစ်ခုခုလုပ်ပြီးမှ ရေချိုးခြင်းက အခြားအကျိုးကျေးဇူး များစွာကိုလည်း ဖြစ်ပေါ်စေပါတယ်။
(၁)တကိုယ်ရေသန့်ရှင်းမှု
ဒါကတော့ လူတိုင်းသိပြီးသားပါ။ ရေချိုးခြင်းအားဖြင့်
တကိုယ်ရေသန့်ရှင်းမှုရရှိ စေပြီး အဓိကအားဖြင့် အားကစားသမားတွေအတွက်
ပိုပြီးလိုအပ်တယ်။ ဒါပေမယ့် လူအများစုကတော့ တကိုယ်ရည် သန့်ရှင်းရေးထက်
အနံ့အသက်ဆိုးများပျောက်ဖို့ကို ရည်ရွယ် ပြီး ချိုးလေ့ရှိပါတယ်။
(၂)ကြွက်သားနာမှုကို သက်သာစေနိုင်
လူတွေက လေ့ကျင့်ခန်းပြင်း ပြင်းထန်ထန်လုပ်ပြီး နောက်တစ်နေ့ မှာ
ကြွက်သားနာကျင်မှုကို ခံစားရ လေ့ရှိပါတယ်။ အဲဒီလိုမခံစားရအောင်
လေ့ကျင့်ခန်းလုပ်ပြီးတဲ့ နောက်မှာ ရေအေးအေးနဲ့ရေချိုးပေးနိုင် ပါတယ်။
တစ်နေ့ထဲ လေ့ကျင့်ခန်းတစ်ခုပြီး တစ်ခု ဆက်လုပ်ရတဲ့ အားကစားသမားတွေမှာလည်း
လေ့ကျင့်ခန်း တစ်ခုနဲ့တစ်ခုကြား ရေအေးအေးနဲ့ ချိုးပေးခြင်းအားဖြင့်
ပင်ပန်းမှုကို လျော့ကျစေပါတယ်။ လေ့ကျင့်ခန်း လုပ်တာများပြီး ကိုယ်လက်ကိုက်ခဲ
သူများမှာ ရေအေးနဲ့ချိုးပေးတာ တောင် မသက်သာလျှင် နောက် တစ်နေ့နံနက်၌
ရေနွေးနွေးဖြင့် ပြန် ချိုးပေးသင့်ပါတယ်။ ယင်းကဲ့သို့ ချိုးခြင်းအားဖြင့်
ကြွက်သားများကို သွေးလှည့်ပတ်မှုကောင်းစေပြီးနာကျင်မှုကို လျော့ကျစေပါတယ်။
(၃)အဆီကျစေနိုင်
No comments:
Post a Comment