ရန်ကုန် အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌
ယနေ့ညနေ ၃ နာရီတွင် ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် အောက်တိုဘာ လအတွင်း
တိုင်းဒေသကြီးအချို့တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်များနှင့်
စပ်လျဉ်း၍ သတင်းစာ ရှင်းလင်းပွဲတွင် သံတမန်များ၊
နိုင်ငံခြားသတင်းထောက်များနှင့် ပြည်တွင်းမီဒီယာများ၏ မေးမြန်းချက်များကို
တာဝန်ရှိသူများက ပြန်လည် ဖြေကြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
ဦးကျော်စွာမင်း
(ယူမီယူရီသတင်းဌာန)
မေး။ ။ ဖြစ်စဉ်မှာ ကျွန်တော်တို့ အောက်တိုဘာ ၁၇
ရက် ရှမ်း ပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမှာ ဖြစ်ပွားခဲ့တာကို
ထည့်သွင်းပြောကြား သွားခြင်း မရှိပါဘူး။ အဲဒါနဲ့ ပတ်သက်လို့
နောက်ဆက်တွဲ ဘာတွေများ စုံစမ်းသိရှိရပါသေး သလဲ။
ရဲချုပ်ဇော်ဝင်း
ဖြေ။ ။ နမ့်ခမ်းဖြစ်စဉ်နဲ့ ပတ်သက်လို့
ညဦးပိုင်းမှာတစ်ကြိမ်၊ မနက်စောစောနှစ်ကြိမ် ဖြစ်စဉ်ဖြစ် ပွားခဲ့ပါတယ်။
အဲဒီမှာ တစ်ယောက် သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ် သက်လို့
လောလောဆယ်ကတော့ သတင်းအတည်ပြု စုံစမ်း နေဆဲ ဖြစ်တဲ့အတွက် အတည်ပြုချက်မရ
သေးတာကြောင့် ထည့်သွင်းမပြော ခြင်းဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ရပ်
ဖြစ်ပွားခဲ့ တဲ့အကြောင်းကို သတင်းဆက် Up Date ထုတ်ပြန်ပေးသွား မှာပါ။