အမြင် အာရုံ ကျန်းမာရေး အတွက် လူတိုင်း လိုက်နာသင့်တဲ့ နည်းလမ်းတွေကို
ရေးသားလိုက်ရပါတယ်။
၁)ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ
အဝလွန်တာက မျက်စိ အမြင်အာရုံကို ထိခိုက်စေတဲ့ အဓိက အကြောင်းရင်း လေးရပ်နဲ
့ဆက်စပ်မှု ရှိတယ်လို့  Royal National Institute for the Blind က
ဆိုပါတယ်။ အဝလွန်တာကြောင့် ဖြစ်နှုန်း မြင့်မားစေတဲ့ အကြောင်းရင်း လေးခုက
ရေတိမ် ရောဂါ၊ အသက်အရွယ်ကြောင့် ဖြစ်တဲ့ မက်ကူလာယိုယွင်း ပျက်စီးတာ၊
ဆီးချိုကြောင့် အာရုံကြော ထိခိုက်တာနဲ့ အတွင်းတိမ် ရောဂါ တို့ ဖြစ်တယ်လို
့ရှင်းပြပါတယ်။
လူတွေမှာ BMI၃၅-နဲ့ အထက် မြင့်တက်နေရင် BMI ၂၂-အောက် လျော့နည်းသူတွေထက် ဆီး
ချိုရောဂါ ဖြစ်နိုင်ခြေ ၈၀-ဆ မြင့်တက်နေတယ်လို့ သိရပါတယ်။ အဝလွန်တာကြောင့်
အတွင်းတိမ် ဖြစ်နိုင်ခြေကလည်း နှစ်ဆ တိုး သွားတယ်လို့ ဆိုပါတယ်။ဒါကြောင့်
မျက်စိ ကျန်းမာရေး အတွက် ကိုယ်အလေးချိန်ကို ထိန်းဖို့ လို ပါတယ်။