ထွန်းအောင်(နည်းပညာ)ဘလော့ဂါမှလှိုက်လှဲစွာ
                   
                    ( ကြိုဆိုပါ၏ )
Related Posts Plugin for WordPress, Blogger...

Friday, July 19, 2013

ဗိုလ်ချုပ်သို့ (၂၆) နှစ်ကြာ သမိုင်းရှင်းတမ်း





(၁)        ချစ်လှစွာသော ဗိုလ်ချုပ်

            အတိုချုပ်၍ ကျွန်ုပ်တင်ပြပါမည်

            ဗိုလ်ချုပ်မရှိသည့်နောက်

            ၆၂ ခုလောက်ထင်ပါသည်

            ဖနောင့်တို နဖူးမောက်

            နှာယောင်ကောက်ကောက်

            ဦးဏှောက်မသန်စွမ်းတဲ့

            ခြေလက်ဆော့ မျောက်တွေရဲ့ အတ္တလက်မှာ

            မြန်မာပြည် ကျရောက်ခဲ့ပါတယ်။


(၂)        အရှေ့တောင်အာရှရဲ့

            မဟာစနေဂြိုဟ်ဆိုး

            သည်းခြေပျက် မျောက်ရူးမျိုးတွေဟာ

            အခိုးရမ္မက်လွှမ်းတဲ့ မျက်လုံးတစ္ဆေ

            ရက်စက်ကြမ်းတမ်းတဲ့ လက်စုန်းကဝေ

            ခြောက်သွေ့ပူပြင်းတဲ့ ပါးစပ်ဥပဒေ

            ပုပ်ပွနံစော်တဲ့ ယတြာနတ်မှူးတွေနှင့်

            အထူးပြည့်စုံ ဘုန်းမီးနေလတောက်စွာ

            မြန်မာပြည်ကို နာဇီလို အုပ်ချုပ်ခဲ့ကြပါတယ်။


(၃)        တန်ခိုးအာဏာနှင့် သူခိုးရာဇာတို့ကြား

            သွေးစုတ်ခံ ပြည်သူတို့ အများစုမှာ

            လွတ်လပ်ရေးအရသာ ချိုသတဲ့လား

            ဒီမိုကရေစီဆိုတာ ချိုနဲ့လား

            ယောင်ဝါးဝါးပါဘဲ

မျောက်သမီးသား၊ ဇနီးမယားတို့အတွက်

            လယ်ထွက် ယာထွက် တွင်းထွက် စက်ရုံထွက်

            သွေး . . . ချွေးစက်နှင့် ပေးဆက်ရင်း

            မြင်းမိုရ်ထိပ်ဖျား၊ ကုန်ဈေးနှုန်းကြားမှာ

            အားငယ်ခြင်း နှလုံးမသာယာခြင်း

            စိတ်ဓါတ်ကျခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်း

            ဆင်းရဲခြင်း ဒုက္ခသံသရာမှာ

            နှစ် (၂၀) ကျော်ကြာ၊ မဟာအုတ်မြစ်

            ဂုတ်ညှစ်လို့ နေပါတယ်။


(၄)        ကိုယ်ယူကိုယ်ရစနစ်နှင့်

            အလိုတူ အလိုကျဖြစ်အောင်

            စစ်ခေါင်းဆောင်နောက် ခြေဖ၀ါး

            ခံစားတဲ့ ၀ံပုလွေ မြေခွေး

            ညစ်ထေးတဲ့ လက်နှီးစုတ်စိတ်ဓါတ်

            လူသတ်တဲ့ လက်ညှိုးနှင့် ကျည်ဆံ

            တယူသန်ဝါဒ အဆိုးမာန

            ငါ့နာဇီ၊ ငါ့ မဆလ ယ၊ ငါကွ ဒေါသကုမ္မာရ

            အဖာဗလပွ အာဏာမကျရေးအတွက်

            အပြစ်မဲ့ ပြည်သူ့သွေး

            ခြေဆေးလို့ နေပါတယ်။


(၅)        နွားချေးအတွင်းခံ အပြင်ယံရွှေမှုန်ကျဲ

            မျက်နှာမွဲ စဏ္ဍာလ

            ဒေ၀ါလီခံဘ၀ တက်ကြွစွာ ချီတက်ရင်း

            စီးပွားရေး ကျန်းမာရေး ပညာရေး

            တစ်ရေးမှမအောင်မြင်၊ ခွေးမျှ မဟောင်ချင်အောင်

            (စင်ကာပူ၊ မလေးရှား၊ ကိုးရီးယား၊ ဟောင်ကောင်)

            အာရှနဂါး၊ လေးကောင်ကြားမှာ

            တီကောင်မျှလားလား မဖြစ်ခဲ့ပါ

            ကွာ . . . ၂၆ နှစ်

            သောက်ဖြစ်က မတန်

            ကုလ၊ အမေရိကန်၊ ရုရှား၊ ဂျပန်

            ဂျာမဏီ၊ ပြင်သစ်နဲ့ အင်္ဂလန်

            အာရှဖွံ့ဖြိုးရေးဘဏ်

            မြန်မာမှန်ရင် နိုး နိုး - - -

            ရှိကြီးများ ခိုးပါသတဲ့။


(၆)        အို . . . ချစ်လှစွာသော ဗိုလ်ချုပ်

            အတိုချုပ်၍ ကျွန်ုပ်တင်ပြပါဦးမည်

            အရင်းအမြစ် သယံဇာတ ပေါကြွယ်ဝပါတဲ့

            သာယာလှပ ချစ်စရာ့ အမိမြန်မာ

            ယဉ်ကျေးမှု ဓလေ့၊ သိမ်မွေ့နူးညံ့ရာတဲ့

            ဗုဒ္ဓအဘိဓမ္မာနှင့် ချစ်စရာ့ အမိမြန်မာ

            အနှီပါ မြန်မာကား

            မသတီစရာ အာဏာရူးခွေးတွေကြောင့်

            ပဋာလူး သွေးမြေခရပြီး

            အကြွေးတွေ လည်မှာ နင့်ပါလို့

            တွယ်ရာမင့် အမှောင်ကမ္ဘာမှာ

            ပေါင်စရာ ဖင်သာရှိတော့တာမို့

            ယောင်ချာချာ အသက်ရှူဆုံးတော့မယ်

            ပိသုကာရယ် . . .

            ကြည့်လှည့်ပါဦး။


(၇)        ချစ်လှစွာသော ပိသုကာဗိုလ်ချုပ်

            ကျွန်ုပ် တပ်လှန့် ဆော်သြပါရစေ

            အို - သစ္စာရှိ တော်လှန်ရေး ရဲဘော်အပေါင်းတို့

            ခါးတောင်းကြိုက် မဖြုတ်

            လက်သီးဆုပ် မဖြည်ကြကုန်လင့်

            ခင်ဗျားတို့ ကျုပ်တို့လို ရွှေဟင်္သာတွေက

            စစ်ဘီလူး ကျီးကောင်တွေရဲ့ စကားကို

            နားထောင်ဘို့ မလိုဘူး

            ဦးညွတ်ဘို့ မလိုဘူး

            အောင်ပွဲဆိုတာ တိုက်ရဲသူအတွက် ဖြစ်တယ်

            ပြည်တော်ချစ် စိတ်ဓါတ်မွေး

            သတ္တိသွေးကို ပြကြပါကုန်လော့

            ပိုးလိုးပက်လက်လန် ပြည်နိုင်ငံကို

            မြိုင်ဆိုင်စွာ ကယ်တင်ကြပါကုန်လော့။


ပျောက်ဆုံးနေသော ဇာတ်ဝင်ခန်း

နေကြာ (သို့မဟုတ်) သောကရာဇ၀င်ကို ဖတ်ကြားခြင်း

 

နွယ်ကြိုးအရှုပ်၊ သွယ်တိုးချုပ်လို့

မလှုပ်သာအောင်၊ တုပ်ကာနှောင်လျက်

လှောင်တိုက်အလွမ်း၊ လောင်မြိုက်ကျွမ်းပစေ

အကန်းအဖြစ်၊ အရမ်းနှစ်ပြီး

အပြစ်မထား၊ ချစ်တရားနဲ့

ခံစားမွေ့လျော်၊ ကျွန်တော်နေကြာ။


ခ၀ါချထား၊ မာနများလည်း

ဖ၀ါးနုအောက်၊ အားပြုမှောက်လျှက်

မြွေဟောက်အသေ၊ ကြွေခြောက်နေသလို

ဟန်တွေမပြ၊ မာန်ဖြေချလို့

တစ်စမဖြုံ၊ ဘ၀ဘုံမှာ

ကြုံသလိုပျော်၊ ကျွန်တော်နေကြာ။


ညှာနွဲ့ပလီ၊ ကြာခဲ့ပြီနော်

ရွှေရည်အဆင်း၊ ဝေစည်လင်းတဲ့

နေမင်းကလေး၊ ကြွေဆင်းပေးမလား

အတွေးပိုက်မိ၊ ငေးစိုက်ကြည့်လျှက်

သက်ရှိအခြေ၊ မျက်စိတွေတောင်

ဂဟေဆက်ကာ၊ ရွှေမျက်နှာနဲ့

အသာလွှဲထွက်၊ ခွာမခွဲရက်လို့

အဆက်လေးဖြစ်၊ အသက်ပေးနှစ်ပြီး

အချစ်မူးမော်၊ ကျွန်တော်နေကြာ။


ရွှေအဆင်းရှင်၊ နေမင်းခင်ရယ်

အကြင်နာတွေ၊ ရင်မှာဝေပြီး

နေကြာကျွန်တော်၊ မြေလွှာပေါ်မှ

ရူးရော်အလွမ်း၊ ဖူးမြော်မှန်းလည်း

သုံ့ပန်းသဏ္ဍာန်၊ တုံ့ကမ်းပြန်ကာ

မာန်ဆိုးမပြေ၊ ရန်ငြိုးတွေနဲ့

ဝေယှက်အပူ၊ ကြေပျက်ဆူအောင်

အယူယွင်းလျှက်၊ သူညှဉ်းရက်လို့

အေးကွက်မပေါ်၊ ကျွန်တော်နေကြာ။


မာန်တလူလူ၊ အလံထူကာ

အပူထုများ၊ သူပြုစားလို့

အမှားကြီးစွာ၊ ခါးသီးပါရဲ့

နေကြာအရွက်၊ မြေမှာသက်ပြီ

ရွှေခက်အပွင့်၊ ကြွေပျက်လွင့်လျှက်

ရင်နင့်စရာ၊ မြင်သင့်ပါလည်း

ဗလာရိုးတံ၊ ၀ါညှိုးကျန်တောင်

ရန်စိတ်မစွဲ၊ အံကြိတ်ခဲပြီး

အမြဲညှဉ်းစေ၊ ဇွဲတင်းဖြေမယ်

မြေထက်နွမ်းရော်၊ ကျွန်တော်နေကြာ။


ကွယ် - - ယုံဖို့မကြွား၊ ငုံလို့ထားချင်

စကားအလိမ်၊ ပျားမစိမ်ပါ

မထိမ်ကွယ်ပဲ၊ ကျိန်တွယ်ရဲတယ်

ကြိတ်ခဲမလုံ၊ ဖိတ်ကွဲကုန်လျှက်

မြုံတောင်မဖြစ်၊ တုန်အောင်ချစ်လည်း

စစ်တွက်မနေ၊ ပြစ်ချက်ဖွေတဲ့

“နေ” ရဲ့ပမာ၊ ချွေဖဲ့တာတောင်

“နေကြာ” ကလေး၊ ဝေဒနာမွေးသလို

သူလေးအပါး၊ မူအရေးထားလျှက်

သြော် - - မှားခဲ့ပစေ၊ တရားနဲ့ဖြေပြီး

ကံခေမဆုံး၊ ဒဏ်တွေဖုံးလို့

အရှုံးတွေပိုက်၊ ပြုံးနေလိုက်မယ်။              


တို့လူမျိုး

 

တို့လူမျိုးကား၊

ဖွံ့ထွားကျစ်လျစ်၊ မောင်းလက်ဆစ်နှင့်

ဖုထစ်ထွားကျိုင်း၊ ပြိုင်းရရိုင်းတည့်

နက်ရှိုင်းတွေးလျက်၊ သတ္တိဖက်ပြီး

မြင့်တက်စာပေ၊ ဖွံ့ဖြိုးဝေ၏

ဖြာဝေအနု၊ ပန်း - ပန်းပုနှင့်။

ပိသုမဟာ၊ ကြီးမားပါသော

မြန်မာလူမျိုး၊ ဖြစ်တကား။


တို့လူမျိုးလျှင်

ရိုးသားတည်ကြည်၊ ဖော်ရွေစည်ပြီး

လှူသည်ပေးကမ်း၊ ဒါနလျှမ်း၏

စိတ်ဝမ်းချမ်းမြ၊ နှလုံးလှမှ

ကြည်စွမေတ္တာ၊ ပေးပို့ပါသည်

ကမ္ဘာလူသား၊ မာစေသား။


တို့လူမျိုးလျှင်

ကိုယ်ကျိုးမဖက်၊ များကျိုးတွက်သာ

ရည်လျှက်ဆောက်ထား၊ ဇရပ်များနှင့်

တံတားလည်းကူး၊ ရေတွင်းတူး၏

ညွတ်နူးမေတ္တာ၊ ကြီးမားပါသော

မြန်မာလူမျိုး၊ စိတ်တန်ခိုး။


တို့မြေကြီးမှ

ဖွဲ့စည်းသစ်တော၊ ပေါလည်းပေါ၏

မြကြောပတ္တမြား၊ များလည်းများ၏

ကျောက်သားသတ္ထု၊ အစုစုလည်း

တစ်ခုမကျန်၊ ပေါပြည့်လျှံ၏

ရေနံလည်းရ၊ ဖြိုးကြွယ်ဝ၏

ထကြွနိုးကြား၊ တိုင်းရင်းသားတို့

စိတ်အားရုပ်အား၊ နှစ်ဆပွား၍

ကြိုးစားသမှု၊ တို့လျှင်ပြုသော်

ရှေးရှုပြည်သစ်၊ တို့၏ခေတ်သို့

ထွန်းသစ်တည်ဆောက်၊ နိုင်မည်တကား။        


အမြင်မှန်

 


အမေကဆဲဆိုလျှင်

ရင်ထဲမှာ နာမိ၊

အမေ့ပေါ် မျက်မာန်ငြိုး

စိတ်ဆိုးခဲ့၏။


အဖေက ရိုက်နှက်လျှင်

ရင်ထဲမှာ နာမိ၊

အဖေ့ပေါ် ဒေါသထား

ပြစ်မှားခဲ့၏။


အချိန်တန် အရွယ်ရောက်

လူလားမြောက် လာသောခါ

ချစ်ကြင်ယာ သားသမီးနဲ့

ဆုံဆည်းတွေ့လာ။


အမေ့ရဲ့မေတ္တာ

ခုခါမှသိ၊

အဖေ့ရဲ့စေတနာ

ခုခါမှသိ။


ကလေးရွယ် ငယ်စဉ်ခါက

ဆဲဆိုကာ ဘယ်လိုရိုက်သော်လည်း

မမိုက်အောင် လိမ္မာစေဘို့

မေတ္တာတွေ အနန္တနဲ့

ချစ်တာတွေ သက်သေပြသည်လို့

သားသက်ဝေ အရွယ်ရကာမှ

တွေးဆကာ စာနာပွား

နားလည်လာမိ။                


လူသား၏ အတ္တ

 

အရူးဆိုက၊ ခံခက်လှ၏

ငါမှငါသာ၊ ကောင်းသူတည်း။


လူသာမှန်လည်း

နာမ်ဆောင်သည့်ရုပ်။ ရုပ်ဆောင်သည့်နာမ်

ဖောက်ပြန်သည့်အား၊ လှုပ်ရှားရုန်းကန်

စိတ်သည်းထန်၍၊ မျက်မာန်သင့်စဉ်

မပြုံးချင်၊ မီးလျှင်တောက်လု

ပေါက်ကွဲလု။


သည်မှတဖန်၊ မျက်မာန်မရှိ

အေးငြိမ်းဘိ၍

ပီတိရွှန်းဝေ၊ သောကပြေ၍

ကျေနပ်ကြည်နူး၊ ရှိခဲ့ဖူးသော်

ပျော်ရွှင်စိတ်ဖုံး၊ သည်နှလုံးကြောင့်

အပြုံးလည်းလွင်၊ အပြင်လည်းလှ

နှုတ်ချိုစနှင့်၊ အလှတွေချည့်

တစ်ကိုယ်တည်းဝယ်၊ ပြုံးရိပ်လွယ်၍

မိုးနှယ်မမှိုင်း၊ မရိုင်းဆိတ်ဆိတ်

သည်တစ်စိတ်တည်း၊ လူဖန်တီး၍

ပူမီးငြိမ်းရာ၊ သူ့မျက်နှာ

ကြည်သာကင်းရှင်း၊ လနှယ်လင်းခဲ့။


သြော် - ရုပ်နှင့်နာမ်တွဲ

ဆဲလ်နှင့်ဖွဲ့စည်း၊ နှလုံးသည်းစု

ခံစားမှုတွင်၊ အရိပ်ထင်ပြီး

အသွင်ကူးပြောင်း၊ အဟောင်းအသစ်

ဖြစ်တတ်သလို၊ အရူးဆိုလည်း

အတ္တစွဲရင်း၊ ကြွေးဆဲကြော်ဆဲ

ငါ မစဲသည်

တတ်ဘဲတတ်နိုင်လွန်းတကား။         

No comments:

မြန်မာနှင့် နိုင်ငံတကာ ရုပ်ရှင်များ
» BBC » DVB » RFA » VOA

a

ကြိုက်တဲ့သီချင်းကိုနားရှင်ပါ

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတ် တွဲဖက်အပြုံးရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မ့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ ဒီတညတော့ ဟင့်အင်းအမေကဆူလိမ့်မယ် တခါထဲချစ်ချင်လို့ပါ ပြော ကြွေသူနှစ် ကောက်သူတစ်

မင်းအကြောင်းအိမ်မက် မိန်းမယူရင်စဉ်းစားကျ ချစ်သူရင်ခွင် ၀တ်မှုံ သီချင်းတပုဒ်မင်းဆိုလိုက် We are the world သူ့ကိုကျနော်ချစ်သည် မင်းမုန်းမှာစိုးတယ် မင်းလေးကိုသိပ်ချစ်လို့ မင်းသိလာမယ် ယုံကြည်ပေးပါ မျှော်လင့်မထားတဲ့အချိန် ကလေး လေး ချစ်ရက်နဲ့ ယုံကြည်ခြင်း ဆန္ဒတစုံ အလွမ်း ဖူးစာရှင် သဲသဲလှုပ် ဝေခွဲမရပါလား လိုက်ဖက်တဲ့ဘ၀ ငါ့ရင်ခွင်ကို အဆင်ပြေပါစေ Gtalk သူ ၀န်ခံလိုက်ပါ ရီးစားစာ တခါထဲချစ်ချင်လို့ပါ (၂) မိုး တိုးတိုးလေး ကြည်နူးခွင့် မုန်းမေ့ဖို့မလွယ် မလွယ်ပါကွယ် ကျောင်းသီချင်း ကြိုနေစေချင်တယ် ချစ်ကံဆိုး အပြုံးလေး နတ်သမီး လမင်းသို့ သီချင်းမဲ့ဂီတာ အမောပြေ ဆုတောင်းမယ် ဆုတောင်းမယ်(၂) ဟိုအရင်လို မိုးသည်းထဲမှာ အမေ နင်ပြန်လာခဲ့ ပေးဆပ်ခွင့် အချစ်အတွက်ကံမကောင်းခဲ့သူ ချစ်တယ်ဟုတ် ဖန်သားနန်းတော် ဒို့လည်းလိုက်မယ် မြတ်နိုးသူအတွက် ပုံရိပ်လေး ပြန်တော့ကွယ် အချစ်ကိုသိချိန် မင်းတယောက်သာ မမချစ်လို့မဖြစ် အမြတ်နိုးဆုံး ချစ်ခွင့်ရခြင်ပြီ ခွဲခွာရက်သူ ဘာကြောင့်လဲ အတ္တ စာမျက်နာ ၁၅ မျက်နာများတဲ့မောင် ဒီလမ်းမကြီးရဲ့ ဘေး အင်းယားသို့ နှစ်ပတ်လည်(၂) မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် ပြန်လာပါကွယ် သူသိပါကွယ် All out of love စလုံးကချစ်သူ ပတ်သက်ခွင့်ပြုပါ တကယ့်ပုံပြင် ကောင်မလေး တယောက်သောသူအတွက် မင်း မရေရာဘူး မအေးကိုချစ်လို့ ဆက်ချစ်ခွင့်ပေးပါ ညှို့နှိင်လွန်းတဲ့သူ ခွင့်ပြုတယ်ခွင့်လွှတ်တယ် ကြိုပြီးတောင်းပန်တယ် ရဲလေး သီချင်း ရီးစားထားတဲ့အရွယ် အချစ် = အချစ် သီးသန့်ဖြစ်တည်မူ ကိုကို့စိတ်ကူး မမက တကယ်ဆိုအချစ်ဘဲလိုတယ် ကြယ်ကြွေကောင်းကင် အချစ်များသူ့ဆီမှာ ပြန်တွေးကြည့် ယုံကြည်တော့အချစ် ကောင်ကလေးကကောင်မလေးကို နေရာ တယောက်သော သူ အဆုံးမဲ့ အလွမ်းပြေအနမ်း အလွမ်းဆုလဒ် ဘာဖြစ်ဖြစ်ချစ် မင်းသိလာမယ် 2 ပြန်မဆုံဖြစ်ကျရင် နောက်ဆုံး အမှန်သိခွင့် (ဒိုးလုံး) ချစ်ခွင့်ရချင်ပြီ နှစ်ကိုယ်တူချစ်သမျှ တခါခါ စိတ်လျှော့လိုက် ရိုးရှင်းသောဘ၀ရဲ့ပိုင်ဆိုင်မူ ဓမ္မဒါန လမ်းကြုံရင်ပြောပေးကြပါ StayWithMe ချစ်ခဲ့တာလားရူးခဲ့တာလား BadGirl သန်ခေါင်ယံည နုတ်ဆက်စာ အလွမ်းပြေအနမ်း ၂ ပြန်မဆုံဖြစ်ကျရင်၂ အချစ် နှောင့်ယှက်သူ ပြန်မရဘူး ငါ့ရင်ခွင်ကို ၂ မေ့တော့မေ့သေးဘူး မြတ်ဆုမွန် မကြာခင်မှာကြင်နာမယ် နေချင်တယ်မင်းအနား ဝေးလို့နေမလားမေ့လို့နေမလား ရွှေတိဂုံ(၂) သံယောဇဉ် သံစဉ်တွေနဲ့ချော့သိပ်မယ် ကောင်မလေး နောက်ဆုံးအချစ် မချစ်နဲ့တော့ မျှော်လင့်ခြင်းကွင်းပြင် MyHeartWillGoOn လွမ်းရဲမှ ၀ိရောဓိ အလွမ်းဝင်္ကပါ မင်းတယောက်သာ BeWithYou ကိုယ်မညာချင်တော့ဘူး ဆွေးမြေ့အသဲ သံယောဇဉ် ချစ်သူထားခဲ့တော့ ချစ်ဦးမေ အချိန်တိုင်းပဲ နားလည်ပါ ကြယ် လွန်ပါစေအလွမ်းညတွေ လူလည်အာရှသား ဗုဒ္ဓံ ဓမ္မံ သံဃံ ကြေကွဲရလိမ့်မယ် စိတ်ကူးလွင်ပြင် KissMe မ..ကို မီးအိမ်ရှင် အလွမ်းပြေအနမ်း လွမ်းနေပြီ လွမ်းနေပါတယ် အလွမ်းနိဂုံး မင်းချစ်မှချစ်ပါ့မလား အပြုံးလေး စိုးရိမ်ရတာပေါ့ မျှော်လင့်ခြင်းအဆုံး အပြစ်တခုဖန်ဆင်း ဘ၀ရဲ့လမ်းများ ခွဲခွါခြင်းနေ့ရက်များ ငါတော့မှားပြီ ကိစ္စမရှိဘူး မင်းနဲ့မဆုံသ၍ တို့နှစ်ယောက် ပျော်ပါစေ ဖက်ထားမယ် မ-မရှိတဲ့နေ့ရက်များ တွဲလက်များ ဒီကောင်မလေးအတွက် ရှင်သန်ခြင်းပြဇတ် ရွှေရောင်အရှုံး (အိမ်) နင်သိရဲ့လား နေညိုရင်၂ ငါ့ရဲ့အနား ခိုင်မြဲသောအချစ် ငါ့ရဲ့လမင်း ချစ်လို့ရရန် အလွမ်းပြေအနမ်း၂ မင်းလိုက်ရဲပါစေ သူငယ်ချင်းချစ်သူ အင်းယားလမ်းကပန်းဆိုင် သတိရရ-မရရ အဖြည့်ခံချစ်သူ တိတ်တခိုး နင်မလိုချင်လဲ လမ်းပျောက်ချိန် အလွမ်းကဗျာ အေးဆေးဖြစ်သွားပြီ မညာပါနဲ့ ချစ်သူလေး ညလေပြေ အိနြေ္ဒရှင်မလေး မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် လေပြေ၂ တဖက်သတ်အလွမ်း ဝေးပြီးတဲ့နောက် မနဲ့မောင် ချစ်တယ် ပြုံးလိုက်ပါ နှလုံးသားချင်းထိတွေ့ခဲ့တယ် ဖူးစာရှင် ဗုဒ္ဓမေတ္တာပန်း အိမ်မက်ရဲ့သမီးပျို မင်းမရှိတဲ့ကမ္ဘာ အလွမ်းသင့်ပန်းချီ ပျော်သလိုနေလိုက်တော့ စိတ်ကူးလွင်ပြင် အလွမ်းနိဂုံး မျှော်လင့်ခြင်းအဆုံး ဘ၀ရဲ့လမ်းများ နင်သိရဲ့လား အလွမ်းပြေအနမ်း၃ လရောင်ဆမ်းသောလမ်း တစ်ဖက်သက်အလွမ်း ဝေးပြီးတဲ့နောက် တစ်နေ့တော့ လမင်းသစ်ပင် ချစ်သူ နားနားဘေးမှာ ပျံသန်းသွားတော့ ဟုတ်လို့လား Never Be Replaced နိုးတစ်ဝက်အချစ် အချစ်အတွက်ကိုယ်စား ငါ့ရဲ့အနား ၂ ဝေးသွားတဲ့အခါ မီးအိမ်ရှင် ငါ့နေရာ Anywhere for you Justin Bieber(Baby) သီရိသူ ဒီဇင်ဘာည ဒီဇင်ဘာည၂ ငါမှားလားမင်းမှန်လား ဆေးကျောင်းသား တကယ်ဆိုရင် အမေ စွန့်လွှတ်ခက်သူ နင်စေရင် အနှိုင်းမဲ့ ရင်ဘတ်ထဲက အနိုင်မယူသူရဲ့အရှုံး ခိုးချစ်ရသူ နှလုံးသားအစီရင်ခံစာ ညီမလေးအတွက် မိုး(မျိုးကြီး) မိုး၂(မျိုးကြီး) ( 8.4 ) ချစ်တယ်ဟုတ် ကောင်မလေးတယောက်အကြောင်း ဖက်ထားမယ် LetMeKissU ချယ်ရီသက်သေ နွေအလွမ်း ယူလိုက် အဖေ့မေတ္တာ လက်ခံပေးပါ(မျိုးကြီး) HaHaLaGyiAh မမ အပျိုကြီး ညီမလေး SnowQueen လက်ခံပေးပါ(၂) HERO ( မေ ) မမြင်ကွယ်ရာ ဟိုအရင်လို မျှော်လင့်ချက်မဲ့(မျိုးကြီး) ယုံကြည်ပေးပါ BellyDancer ယုံကြည်ပေးပါ(Remix) အဖြူရောင်လေးပါကွယ် ရင်ထည်းခိုနားလှည့်ပေါ့ကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါ ယုံကြည်ခြင်း၂ မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ် နင့်ကိုငါအချစ်ဆုံး ကင်ဆာ အချစ်နဲပိုက်ဆံ နင်တစ်ယောက်တည်း သံစဉ်နဲ့ချော့သိပ်ခွင့် ချစ်တယ်မရေ အချစ်မှတပါးအခြားမရှိပြီ တနေ့တော့ချစ်လာလိမ့်မည် အမေ့ မင်းအကြောင်းအိမ်မက် တန်ဆောင်တိုင်သီချင်း အလွမ်းနဲ့ရူးပြီ နှမြောတယ် သူလေး ကောင်းကင်ကအချစ်ငှက် ဆာဒါငဲယိုး ခိုနားရာ အိမ်မက်ကမ္ဘာ အလွမ်းဝင်္ကဘာ ပထမအနမ်းသီချင်း စကားလုံးတွေမလိုဘုး (နိဒါန်း) လေလွှင့်သူ အာဇာနည် ငါဆက်ချစ်မယ့်သူ ရုပ်သေးရုပ် မျှော်လင့်ချက်မဲ့ ဒီတစ်ခါမခွဲတော့ဘူး ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) လက်ခံပေးပါ(၂)မျိုးကြီး မျိုးကြီး=အတိတ်ရဲ့နွေ Baby စပါယ် အမြဲတန်းယုံကြည်တယ် သူငယ်ချင်းသံယောဇဉ် မိန်းကလေးပါ ဒီဇင်ဘာည၂ ပြည့်စုံလွန်း အသိအမှတ်ပြုပါ ကြယ်ကြွေကောင်းကင် Congratulation ညီမလေး မကြင်နာလေသူသို့ အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ ပထမအနမ်း ချစ်သူသိပါစေ နင်မသွားခင် နှမြောတယ် မျှော်လင့်မိတဲ့ငါ့နတ်သမီး လမ်းခွဲ နောက်ဆုံးပေါ့ Baby-(Mc Wai Lin) ရင်ထဲကလာတဲ့သီချင်း ကော်ရုပ်လေး လွမ်းဆွတ်ခွင့် ချစ်သူ-ရိန်မိုး ငါ့ရဲ့လမင်း(လေးဖြူ) ရင်ခုန်စရာရှုခင်း(မျိုးကြီး) ကိုယ့်ရဲ့ကွက်လပ် ဆု....ထံသို့ ခလေးလေး မ-အတွက်သီချင်း ရောခ့်သီချင်းတစ်ပုဒ်(မျိုးကြီး) မိုးသည်းချိန်မှာ Venus လမ်းဆုံး ပြန်လာပါ အလည်လွန်နှလုံးသား ဒို့ဝေးရာ ကျေးလက်တောတန်း အင်တာနက်ချစ်သူ ပြန်လာမဲ့အချိန် ခွင့်ပြုတယ်ခွင့်လွှတ်တယ် SaveTheAged ဆာဒါငဲယိုး၂ ပျော်တော်ဆက် ကောင်မလေး မင်းအချစ်ကြောင့် မလွမ်းဘဲမနေနိုင် မလှည့်စားနဲ့ အလွမ်းနေ့ရက်ရှည်များ ဒီအတိုင်းလေးဘဲချစ်နေမယ် အတောင်ပံပါရင်မင်းဆီကို TakeMeToYourHeart ထားအတွက် ကင်တင်းထဲကကွင်းလက်ချာ(အရိုး) ILoveYou ရာစုသစ်အလွမ်းသမား Rain Story (ပြည့်စုံ) မင်းနဲ့မှချစ်တတ်ပြီ အချစ်ဒါဏ်ရာ လွမ်းတယ်(မ)ရယ် မင်းနားလည်မှာ ချစ်သူရဲ့ပုံပြင်(အနွန်) (မ)အတွက်သီချင်း ကျေးဇူးပဲမနက်ဖြန် ကောင်မလေး onelesslonelygirl ငါ့နေရာ "မ" အတွက်သီချင်း ကဗျာမမှီတဲ့အချစ်

တို့နှစ်ယောက်အကြောင်း ရုပ်သေးရုပ် ဒီမိုးသည်းချိန်တိုင်းမှာ ပြန်ဆုံနိုင်ဦးမလား မင်းနဲ့အတူရှိချင် ကြွေနေပြီ တိုကျိုအိပ်မက် မနှုတ်ဆက်ချင်ဘူး အာဒံဧ၀ တောင်းပန်ပါတယ် I Love U Baby BabY Cry On My Sailing HONEY(အာဇာနည်) ကိုယ့်ရဲ့သက်တန့်ငယ် အလွမ်းဝင်္ကပါ မ မရှိတဲ့နေ့ရက်များ ခါး(အငဲ) သိမ်းထားခွင့် WeddingDress မင်းရှိစေချင်တယ် ONLYLOVE ကိုယ်ပိုင်တဲ့ကိုယ့်နေရာ တန်ဖိုး(လေးဖြူ) ပျောက်ဆုံးသွားတဲ့မနက်ခင်းလေးများ မင်းအချစ်ကြောင့်(၀ိုင်ဝိုင်း) မခေါ်ရက်ဘူး တက္ကသိုလ်ဘ၀ ဆေးပေးပါ(မျိုးကြီး) အသဲကွဲဒီဇင်ဘာ အချစ်အိမ်မက်လေး ညီမလေးအတွက် ရိုမီယိုဂျူးလီးယက် Baby Gril တော်ပြီနောက့် အိပ်မက်ထဲကလူ ငါ့နဲ့ မင်း အဖြူရောင်သူငယ်ချင်း ဖက်ထားမယ် အဖြည့်ခံ မိုးဘယ်မှာရွာနေလဲ ချစ်တယ်ဟုတ် Bad girl ရင်ခုန်နှစ်သစ် မဟာဆန်သူ ပန်းချစ်သူ မမ ကောင်လေး ဆုံစည်းခွင့်-ရိုးရာ+ Mc ဟိန်းထက် တစ်ချိန်က”မ” နှုတ်ဆက်သီချင်း OldService အဆောင်သူမမ ပြော သနပ်ခါး အချစ်ဝင်္ကပါ L.O.V.E(Kg Ma Lay) အရင်ကဇတ်လမ်း အလွမ်းဝင်္ကပါ အလွမ်း ရှင်းပြခွင့်ပေးပါ Over You မိုး အနားနားဘေးမှာ မင်းကိုသတိရရင် ချစ်ခဲ့တာလား ရူးခဲ့တာလား အလွမ်းဆုလဒ် ကြိုစေချင်တယ် ငါ့နေရာ Justin Bieber@baby Radio ပေးခဲ့တဲအလွမ်း ပက်သက်ခွင့်ပြုပါ(Bunny Phyo) ကမ္ဘာငယ်လေး မသိချင်ယောက်ဆောင်မျက်နှာလွဲ ခိုနားရာ ကောင်ကလေးကကောင်မလေးကို ထာဝရပက်သက်ခွင့်ပြုပါ ကွာခြားမူ အရိပ်ပမာ Never Say Never never say never2 စိတ္တဇညဆိုးများ သူငယ်ချင်း အဝေးကချစ်သူ ကိုယ်တယောက်ထဲ လွမ်းဆဲပါ ကမ္ဘာငယ်လေး အမုန်းလက်ဆောင် KissMe Celion ၀ါဆိုမိုးနဲ့ပြန်ခဲ့ပါ မျှော်လင့်ဆဲ(ထက်ယံ) အပြစ်မမြင်ပါဘူး baby(mc wai lin) ဘယ်သူ့အတွက်လဲ(ထက်ယံ) မမကိုယ်ချင်းစာနာခဲ့ပြီ ဘယ်ပန်းချီရေးလို့မမှီအဝေးရောက်နေသော်လည်း

ချယ်ရီသက်သေ snow queen Ma Ma ဖိတ်စာ နွေအလွမ်း Ha Ha La Gyi Ah အပျိုကြီး ညီမလေး ပန်းချစ်သူ.....ဒို့လည်းလိုက်မယ် ယုံကြည်ပေးပါ Belly Dancer MyHappyEnding ယုံကြည်ပေးပါ(Remix) ရင်ထဲခိုနားလှည့်ပေါ့ကွယ် အဖြူေ၇ာင်လေးပါကွယ် မုန်းခိုင်းတိုင်းမမုန်းနိုင်ဘူး ပေါက်တဲ့အိုး တိတ်တခိုးအချစ် စံပါယ် တခုလောက်ဖြေပေးပါငယ်ကျွမ်းဆွေ ကင်ဆာ ၀ိုင်းဆုရဲ့(လမ်းမကြီးရဲ့ဘေး) အရမ်းလွမ်းတယ်မရယ် မ..မ(၂) တပင်တည်းရင်ထဲကနွယ် တစ်စက္ကန့် နွေရာသီလမ်းခွဲ သခင့်ထံအပြေးပြန်လာမည် နူတ်ဆက်စကား မောင့်အရိုင်းပန်း ငယ်ဖော် အသည်းကွဲမြို့တော် VENUS Baby(Mc Wai Lin) ကြယ်ကြွေကောင်းကင် လမ်းဆုံ နှစ်သိမ့်တဲ့တေး သူစိမ်းတယောက်ပါ နှင်းဝေတဲ့ဆောင်း အလှစစ် ညို့မျက်ဝန်း နှလုံးသာရှာသူ လွမ်းတယ်(မ)ရယ်အသဲကွဲဒီဇင်ဘာ I Love U Baby၀ါရင့်သမ္ဘာရင့်(Old Service) Never Say Never


Popular Posts